မိဘတို့သည် သားသမီးတွေရဲ့ အနာဂတ်လှဖို့အတွက် သူတို့ကိုသူတို့ကျ နေပူမိုးရွာမရှောင် ပင်ပန်းလွန်းသည့်အလုပ်များကို လုပ်ကိုင်ကာ ပညာတတ်တစ်ယောက်ဖြစ်သည်ထိ ပံ့ပိုးပေးဖို့ အမြဲအဆင်သင့်ရှိကြပေမယ့် အချို့သော ကလေးငယ်များက မိဘရဲ့ မေတ္တာစေတနာကို နားမလည်ကြပေ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၁၄နှစ်အရွယ် ကောင်လေးတစ်ဦးသည် အတန်းကြီးလာတာနဲ့ စာကျက်ပျင်းသွားပြီး ဂိမ်းကိုပဲဆော့ချင်နေရာ ကျောင်းထွက်မည်ဟုပင် မိဘနှစ်ပါးကို ပြောဆိုခဲ့သည်။

ကောင်လေးသည် စာမကြိုးစားပဲ ကျောင်းထွက်ချင်နေပေမယ့် မိဘနှစ်ပါးကတော့ တစ်နေကုန်ပင်ပန်းသည့် အလုပ်တွေလုပ်ရတာကို ကိုယ်တိုင်မကြုံဖူးတော့ နားမလည်ပဲရှိရာ ဖခင်ဖြစ်သူက သားလေးရဲ့ဘဝကောင်းစားတာကိုပဲ မြင်ချင်၍ သင်ခန်းစာတစ်ခုပေးခဲ့သည်။
ဖခင်ဖြစ်သူသည် သားလေးကျောင်းထွက်ချင်တာကို မတားတော့ပဲ သူနေ့စဥ်အလုပ်ဆင်းနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ သားဖြစ်သူကို တစ်ပတ်တိတိအလုပ်ဆင်းခိုင်းခဲ့ရာ ချွေးတရွှဲရွှဲနဲ့ မောပန်းလွန်းလှပြီး ဘဝမှာပညာမတတ်ပါက ပင်ပန်းကြီးစွာ လုပ်ကိုင်ရသည်ကို သိရှိနားလည်သွားခဲ့သည်။
ထိုအချိန်မှ သားဖြစ်သူသည် ကျောင်းမထွက်ချင်တော့ပဲ ပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားသင်ယူမည်ဟုသာ မိဘနှစ်ပါးလုံးကို ဖွင့်ပြောခဲ့သည်။
Credit Rain (For Ialinks)