Shwe Pann Thee Local News တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံး၍ ကျောင်းသူတစ်ဦး ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက်… See more

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံး၍ ကျောင်းသူတစ်ဦး ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက်… See more



တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံး၍ ကျောင်းသူတစ်ဦး ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက်… See more

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာ(ရက်ခုံးတိုင်)မှ ကျောင်းသူတစ်ဦးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်မြင်ခဲ့သဖြင့် အဆိပ်စားကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သူမှာ မခင်ယုဝေ(၁၉)နှစ်ဖြစ်ပြီး မိခင်ဒေါ်အေးအေးနှင့် ဖခင်ဦးကျော်ဝင်းတို့၏ သမီးတစ်ဦးဖြစ်သည်။ မခင်ယုဝေမှာ ဇွန်လ ၁၇ ရက် မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ကြွက်သတ်ဆေးဘူးမှ ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက် အကြိမ်ရေအများအပြား အော့အန်လာခဲ့၍’

မိဘများက ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့ရသည်။ ယင်းပြီးနောက် ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၄ နာရီကျော်ခန့်တွင် ဆေးရုံ၌ သေဆုံးသွားသည်ဟု မိသားစုနှင့်နီးစပ်သည့် ဒေါ်စောနုသာက ပြောသည်။

“သူမကို အမိအဖတွေကလည်း ဆယ်တန်းမအောင်လို့ဆဲတာ၊ ဆူတာမလုပ်ပါဘူး။ သူမကတော့ ဆယ်တန်းကို အခုနှစ်နဲ့ဆိုရင် နှစ်နှစ်ကျတယ်ပေါ့။ သူက ဘာကြောင့် အခုလို လုပ်သွားရတာလဲဆိုတာကိုတော့ တစ်ယောက်မှမသိကြပါဘူး။ သူလုပ်သွားတာကို သူပဲသိမှာလေ။

ဘာပဲဖြစ်ဖြစ် အဒေါ်တို့ကလည်း ဝမ်းနည်းရပါတယ်။ အခုလည်း တစ်ရွာလုံးနီးပါးကလူတွေက သူ့ကိုလာကြည့်ကြတယ်” ဟုဆိုသည်။လက်ရှိတွင် မခင်ယုဝေ၏ရုပ်အလောင်းကို

ဆေးရုံမှတစ်ဆင့် ရသေ့တောင်မြို့သုဿန်သို့ ယူဆောင်လာခဲ့ပြီး နေ့လယ် ၁ နာရီကျော်တွင် သြင်္ဂိုဟ်သွားမည်ဟု သိရသည်။ (NN-11)

Leave a Reply

Your email address will not be published.