သရဏဂုံသုံးပါး အကျိုးကြောင့် ဓားမတိုးပဲ အသက်ချမ်းသာရာရခဲ့သူတစ်ယောက် ဒီပဲရင်းမြို့နယ် ကျွန်းရင်းရွာကျောင်းဆရာတော်ဦးဝါယမသည်လည်း သရဏဂုံတန်ခိုးကြောင့်သာလျှင်အသက်ဘေးမှ သီသီကလေးကင်းလွတ်ခဲ့ရသည် တစ်နေ့တွင် အတွင်းဒါယကာများပါသော ဓားပြအဖွဲ့ကျောင်းသို့ဝင်၍ ဓားပြတိုက်ကြသည်။ ဘုရားခန်းမှအဖိုးတန်ပစ္စည်းများကိုယူရုံမကပဲ သူတို့အဖွဲ့ထဲမှအတွင်းလူတယောက်ကိုဘုန်းကြီးကသိသွားသည့်အတွက် လက်စလက်နဖျောက်သည့်အနေဖြင့် ဘုန်းကြီးကိုပါသတ်ပစ်ရန် လက်ပြန်ကြိုးတုပ်ပြီး ကျောင်းအနောက်ဖက်လျိုကြီးထဲသို့ခေါ်သွားပါတော့သည်။ သတ်မည့်နေရာရောက်သည့်အခါအကြိမ်ကြိမ်လွှတ်ပေးဖို့ရန် အသနာခံသော်လည်း ...
